တောင်ငူခရိုင်အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလအကြို လူထုလှုပ်ရှားမှု ဆောင်ရွက်

တောင်ငူ နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၌ ယနေ့နံနက် (၆) နာရီအချိန်တွင် တောင်ငူမြို့ဒေသခံပြည်သူများမှ ဒီဇင်ဘာအားကစားလအကြို လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းနှင့် Physical Fitness Dance အားကစားလှုပ်ရှားဆောင်ရွက်မှုများဖြင့် စည်ကားလျက်ရှိသည်။ အဆိုပါ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလအကြို လူထုလှုပ်ရှားမှုဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်း (တောင်ငူ) တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူ (၇၀)ဦးက Physical Fitness Dance လှုပ်ရှားဆောင်ရွက်ခြင်း၊ လူကြီး၊ လူရွယ်၊ လူငယ်များက လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အေးမြသောဒီဇင်ဘာဆောင်းတွင်း ကာလရောက်ရှိတော့မည်ဖြစ်၍ တောင်ငူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အားကစားလှုပ်ရှားမှုများ တက်ကြွစွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များ စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)