ထန်းတပင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲနှင့်ပဲတီစိမ်း ဧက ၆၀၀၀၀ ကျော်နှင့် ဆီထွက်သီးနှံစုံ ဧက ၁၆၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်တွင်းစားရေရိက္ခာဖူလုံပြည့်စုံစေရန်အတွက် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်မတ်ပဲနှင့် ပဲတီစိမ်း ၆၀၀၆၄ ဧက၊ ဆီထွက်သီးနှံစုံ ၁၆၀၈၄ ဧက အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲ ၄၁၇၂၉ ဧက၊ ပဲတီစိမ်း ၁၈၃၃၅ ဧက စုစု‌ပေါင်း ၆၀၀၆၄ ဧကစိုက် ပျိုးပြီးစီးပြီဖြစ်ပြီး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၁၁၀၀၀ ဧက၊နှမ်း ၁၅၇၀ ဧက၊ နေကြာ ၃၅၁၄ ဧကနှင့် ပန်းနှမ်း ၃၁ ဧက စုစုပေါင်း ၁၆၁၁၅ ဧကစိုက်ပျိုးပြီးဖြစ်၍ သီးနှံအလိုက်လျာထားချက်ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသခံတောင်သူများစိုက်ပျိုးထားရှိသည့် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေး စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများပိုးမွှား ရောဂါကျရောက်မှုကာကွယ်ရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ခံကွင်းဝန်ထမ်းများကကွင်း ဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)