မိုးညိုမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မိုးညို နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ပေါ် ရပ်ကွက်များရှိ မဲရုံကျင်းပပြုလုပ်မည့် အခြေခံပညာကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့က လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသက်ဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မိုးညိုမြို့ပေါ်ရှိ အ.ထ.က(မိုးညို)အပါအဝင် အခြေခံပညာကျောင်း (၅)ကျောင်းတို့၌ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိမှု၊ ကောင်းမွန်ခြင်း ရှိ/မရှိ၊ ရေကန်နှင့် ရေစင်များ ရေသိုလှောင်ထားရှိမှုနှင့် လျှပ်စစ်မီးသွယ်တန်းထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)