ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၂၉

ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့က လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ပဲခူးမြို့ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံဆရာဝန်နှင့် အမျိုးသမီးကျန်းမာရေး ဆရာမ၊ သားဖွားဆရာမများက မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများအား သွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျန်းမာရေးပညာပေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် လက်တွေ့သရုပ်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံဆရာဝန်နှင့် အမျိုးသမီးကျန်းမာရေး ဆရာမ၊ သားဖွားဆရာမများက  ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဈေးဆိုင်များအား ကျန်းမာရေးနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)