အုတ်တွင်း နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းမြေနှင့်ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာ ၂၇ ရက်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇင်မာမြင့်နှင့် အင်ဂျင်နီယာဝန်ထမ်းများမှ ကျေးလက်ကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ လက်ပံခုံကျေး ရွာ၌ကျေးလက်ကုန်ထုတ်လမ်းမြေနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများ၊ ရေပြွန်မြောင်းကူးတံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အုတ်တွင်းမြို့နယ် လက်ပံခုံကျေးရွာ၌ လမ်းအရှည် ပေ ၁၉၀၀ ၊ လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ၂ ပေ ၉လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်းနှင့်ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်းကို ရေပြွန်မြောင်းကူးတံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၅၅ ဒသမ ၃ သန်း ဖြင့် Regal Universal ကုမ္ပဏီမှတာ ဝန်ယူ၍ ဇူလိုင်၂၁ ရက်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများပြီးစီးမှု ၆၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)