ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရွှေတောင်မြို့နယ်တွင် စပါးမျိုးခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကြည့်ရှုအားပေး

ရွှေတောင် နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက  ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု လေးကျွန်းဆီမီးကျေးရွာ ကွင်းအမှတ် (၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဌေး၏ လယ်မြေ(၇.၀၀)ဧကတွင် ရေဆင်းပေါ်ဆန်း-ရေဆင်းပေါ်ဆန်း ၁၊ ရေဆင်းပေါ်ဆန်း ၂ စပါးမျိုးခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဒေသခံတောင်သူများအား ရေဆင်းပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးသီးနှံအပြင် ဆီထွက်သီးနှံစိုက်ဧကများ  တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားပြီး တိုင်းစိုက်ပျိုးရေး တိုင်းဒေသကြီးဦးစီးမှူးမှ ရေဆင်းစပါးမျိုးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရေဆင်းပေါ်ဆန်း၁ခေါင်နှံ (၅၀.၀၀၀)ရေဆင်းပေါ်ဆန်း၂ခေါင်နှံ(၅၀.၀၀၀) စုစုပေါင်း ခေါင်နှံ (၁၀၀.၀၀၀)ရွေးချယ်နေမှုအခြေအနေနှင့် ရိတ်ခြွေစက်ဖြင့် စပါးရိတ်သိမ်းနေမှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၈၁) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)