သာယာဝတီမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား လာရောက်ကြည့်ရှု

သာယာဝတီ      နိုဝင်ဘာ ၂၉

‎‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး ဒုတိယအကြိမ် မဲစာရင်းကပ်ထား‌ကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ နေ့စဉ်လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ရပ်ကွက်နေပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဖေသူအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ပြီး မဲပေးမှုနှင့်ပတ်သက်သည့် သိသင့်သိထိုက်သူများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်ဝတီ