အုတ်တွင်းမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း​ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

အုတ်တွင်း နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ​မဲဆန္ဒရှင်အမည်စာရင်းများ မြေပြင်အမှန်ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း​ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း​ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့များပူးပေါင်း၍  ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းသို့  ဒုတိယအကြိမ် မဲစာရင်းများကပ်ထားမှုကို ပြည်သူများ လာရောက်ကြည့်ရှုမှုနှင့် အိမ်တိုင်ရာရောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်ထောင်စုအလိုက် မဲစာရင်းတွင် ပါ မပါ တိုက်ဆိုင်စစ်ဆေး၍ စာရင်းကောက်ယူမှုများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ()ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ()ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(-)ဖြင့်လည်းကောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ပါကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)