ပဲခူးတိုင်းဒေသကြီး

ကျောက်ကြီးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီတွင် ဆားတန်းရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူနေအိမ်များတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီစီမံမှုဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌နည်းဥပဒေ ၇၅(ဍ)ပါ နောက်ဆုံးအဆင့် ထုပ်ပိုးသိမ်းဆည်းထားသောမဲပုံးများအား နံပါတ်ပါသည့်လုံခြုံရေးကြိုးများဖြင့် လုံခြုံစွာထုပ်ပိုးသိမ်းဆည်းနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့နေ့လယ်ပိုင်းက ဌာဆိုင်ရာများစုပေါင်း၍ မဲပုံးများလုံခြုံစွာထုပ်ပိုးသိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဇွန် ၁၃ ရက် နံနက်(၉)နာရီက သတင်းရေးသားနည်းသင်တန်း ကျင်းပသည်။

တောင်သူများအား ဘိုင်အိုချာဇီဝမီးသွေးမြေဩဇာ ထုတ်လုပ်နည်း လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ဒေသခံတောင်သူများအား ဘိုင်အိုချာ ဇီဝမီးသွေးမြေဩဇာထုတ်လုပ်နည်း လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်၊ ပြည်မြို့နယ်၊​ဇီးအုပ်ကျေးရွာအုပ်စု၊​ ဇီးအုပ်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် စိတ်အပန်းဖြေခြင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ စိတ်အပန်းဖြေခြင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (ဆင်မြီးဆွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ဝေါမြို့နယ်၌ ရေပြင်အသက်ကယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ရေပြင်အသက်ကယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပဲခူး-စစ်တာင်းတူးမြောင်းဘေး ကန်တော်ရပ်ကွက်၌ ကျင်းပကြောင်း သိရသည်။

ပေါင်းတည်၌ အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) တွင် လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

ကဝမြို့နယ် အ.လ.က(ချောင်းခွ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက  အ.လ.က (ချောင်းခွ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှမ်းကိုင်း၌ ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး