ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အ ရေးလိုင်စင်များ (ပထမအကြိမ်) လေလံတင်ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ယနေ့နံနက်ပိုင်းက ဝက်တိုးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က မူလတန်းလွန်ကျောင်း(ရွာသစ်ရပ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃)ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီအချိန်က ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ တပ်ရွာ၊ ဆင်စွယ်ရကျေးရွာနှင့် ထန်းရင်းကျေးရွာများရှိ ​မဲဆန္ဒရှင်ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) မဲရလဒ်များ ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ ၁၁ ရက်နေ့က မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယမန်နေ့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့ရာ အောင်မြင်စွာ ကျင်းပပြီး‌‌စီးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းတည့် ၁ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(တော်ပသီ)၌ ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ  စာဖတ်ရှိန်မြင့်မားပြီး  အသိပညာဗဟုသုတတိုးပွားစေရန် ယနေ့နံနက်ပိုင်းက အ.မ.က (တည်သီးပြင်)နှင့် အ.မ.က (ညောင်သုံးပင်)​တို့တွင် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အရည်အသွေးပြည့်ဝသော Quality AN care ၈ ကြိမ်ရရှိနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား အရည်အသွေးပြည့်ဝသော Quality AN care ၈ ကြိမ်ရရှိနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး