ကျောက်ကြီးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ကျောက်ကြီး ဇွန်လ ၁၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီတွင် ဆားတန်းရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူနေအိမ်များတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီစီမံမှုဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 အဆိုပါဆောင်ရွက်မှုကို ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင် ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်းများက မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ ရပ်ကွက်နေပြည်သူများနေအိမ်ခြံဝန်းအတွင်း ပိုးလောက်လမ်းပေါက်ပွားနိုင်သည့်နေရာများ၊ မသန့်ရှင်းသောရေများ၊ ရေလှောင်ကန်များ၊ ရေအိုးများ၊ ရေများလှဲလှယ်သန့်ရှင်းပြုလုပ်ပေးခြင်း၊ ပိုးလောက်လမ်းပေါက်ပွားနိုင်သည့်နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ထုတ်ဝေသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအားလုံးပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ဌာနဆိုင်ရာအကြီးကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်