ပြည်ခရိုင်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းနှင့် အုတ်စီအဆင့်(၁) သင်တန်းဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းနှင့် အုတ်စီအဆင့် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့ ဇီးအုပ်တောင်သူလယ်သမားသင်တန်းကျောင်း၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။