ပဲခူးတိုင်းဒေသကြီး

(၃၅) ကြိမ်မြောက် ဝေါမြို့၊ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျှက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များ ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂ ရက်နေ့၊ (တပေါင်းလပြည့်နေ့) နံနက် ၉ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲ​​ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ  စုပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအထူးသင်တန်းများ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍  အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်းနှင့် ကွန်ပျူတာပန်းချီသင်တန်းတို့ကို  တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

ဖြူးမြို့နယ်၌ အင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် ပန်းချီသင်တန်း အခမဲ့ ဖွင့်လှစ် သင်ကြား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်ကာလ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပန်းချီပညာရှင်များအသင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ပန်းတောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား ပန်းတောင်းတပ်နယ်ရှိ ကာကွယ်ရေးပစ္စည်းထုန်လုပ်မှုတပ်ဖွဲ့ မိသားစုများနှင့် မြို့နယ်သူ၊ မြို့နယ်သားများမှ နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့ညနေ ၅ နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်း   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ ဦးထက်ဝေခိုင်၏ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ မတ်(၂) ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပသည်။

ပဲခူးမြို့၌  ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်(၁) ရက် ညနေပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်သည်။

တပေါင်းလပြည့်နေ့အခါသာမယနေ့နှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပေါင်းတည် အချုပ်ထောင်မှ အကျဉ်းသား အကျဉ်းသူ ၅၆ ဦးလွတ်ငြိမ်းချမ်းသာခွင့်ပြု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသုဓမ္မ မင်းအောင်လှိုင်ကမတ်လ ၂ ရက်တွင် ကျရောက်သည့် တပေါင်းလပြည့်အခါသာမယနေ့နှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန် လူမှုရေးအရ အလေးထား ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတစ်ဝှန်းအချုပ်ထောင်၊ အကျဉ်းထောင်များ မှ စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီ‌သည့်အကျဉ်းသား အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်တန်းဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ယနေ့နံနက်ပိုင်တွင် မြို့နယ် ပညာရေးမှူးရုံး၏ စီမံညွှန်ကြားမှုဖြင့် နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး