ပေါင်းတည် ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၏ မဲရုံတည်ဆောက်မှုအခြအနေများကို ယနေ့ ညနေပိုင်းက တာဝန်ရှိသူများ သွားရောက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသစ်လွင်တို့ဦးဆောင်သောအဖွဲ့သည် မင်းကွက်(၁)၊ ဈေး(၁)၊ ဈေး(၂)နှင့် ပျဉ်းပင်ကန်ရပ်ကွက်များရှိ မဲရုံပရဝဏ်များအားကြည့်ရှုစစ်ဆေးခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများစနစ်တကျတန်းစီရန်နေရာများ၊ နားနေစောင့်ဆိုင်းနိုင်သည့် အရိပ်ရနေရာများတွင် ခင်းကျင်းထားသည့် ထိုင်ခုံနေရာများ၊ သောက်သုံးရေထားရှိမှုနေရာများ၊ မဲဆန္ဒရှင်အမည်စာရင်းကပ်ထားကြေညာထားရှိမှုနေရာများ သတ်မှတ်ပြုလုပ်ထားရှိမှုများနှင့် လုံခြုံရေးဆိုင်ရာများကို ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)