လက်ပံတန်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၊ ပညာရေးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ ဖေမြင့်ရေးသားသည့် “ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်သောသူ” စာအုပ်အား ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ BookClub အဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်သိန်းက လူငယ်လူရွယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ အသိပညာဗဟုသုတပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေဆွေးနွေးနိုင်ရေးအတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ Book Club အဖွဲ့ဝင်များဖြစ်သည့် ဆရာ ဦးစောမြင့်က “အားပေးစကားပြောနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖိုးခေါင်စုကျောင်းမှ ဆရာမ ဒေါ်အေးအေးမြင့်က “ချီးမွမ်းစကားလေးတစ်ခွန်း” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဆရာမ ဒေါ်ညိုညိုတင့်က “အပြောအဆို လိမ္မာသူတို့၏အမူအကျင့်ကောင်းများ” နှင့် Book Club ဥက္ကဋ္ဌ ဆရာဦးမြင့်သိန်းက “ပရိတ်သတ်ရှေ့မှာစကားပြောခြင်း” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)