ပဲခူးတိုင်းဒေသကြီး

ရေတာရှည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပ‌ပျောက်‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နေ့လယ် (၁)နာရီအချိန်က အ.လ.ကခွဲ(ညောင်ပင်သာ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(သာဂရ)တွင် ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေး‌ကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ယနေ့နံနက် (၁၀)နာရီက လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေဆောင်ရွက်ကြသည်။

ပဲခူးမြို့၌ သာသနာလင်္ကာရအကျော်စာမေးပွဲ ကျင်းပ

ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့စေရန်ရည်ရွယ်၍ ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူးသာမဏေကျော်အသင်းကြီး)မှ ကြီးမှူးပြီး (၃၉)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးမြို့၌ (ပထမနေ့)အဖြစ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် အ.လ.က(ခွဲ) ကောလိယကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က အ.လ.က (ခွဲ) ကောလိယကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ပြည်သူများပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

ပေါင်းတည်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရပ်ရွာပြည်သူလူထုအတွင်း လိုက်လံဖြန့်ဝေခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်နှင့် ကျွဲပွဲမြို့ ​မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၅-၂၀၂၆)ပညာသင်နှစ်  မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ သံပုရာသီးစိုက်ပျိုးသူများ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးသော သံပုရာသီးစိုက်ပျိုးခြင်းမှာ အထွက်နှုန်း​ကောင်း၍ စျေးကောင်း ရရှိကြောင်း သံပုရာသီးခြံပိုင်ရှင် တစ်ဦးထံမှသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး