ပေါက်ခေါင်း ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိသည်။
ရှေးဦးစွာ မဲရုံမဖွင့်လှစ်မီမဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီအချိန်တွင် မဲရုံမှူးကမဲရုံ ဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် စတင်မဲပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပေါက်ခေါင်းမြို့နယ်၌ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၃)အုပ်စုမှ မဲရုံစုစုပေါင်း (၆၀) ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၄၈၄၄၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)