ဒိုက်ဦး ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန်တွင် မဲရုံများ စတင်ဖွင့်လှစ်၍ ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများပေးလျက်ရှိသည်။
ဒိုက်ဦးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုအတွင်းရှိ မဲရုံ(၁၀၀) ရုံ၌ ပြည်သူ့လွှတ်တော် (၇)ပါတီ၊ အမျိုးသားလွှတ်တော( ၇)ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၆)ပါတီ၊ (မဲအများဆုံးရသူ အနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်(၅) ပါတီတို့က သက်ဆိုင်ရာ မဲဆန္ဒအလိုက်ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)