ရေတာရှည်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌နိုင်ငံတော်ရန်ပုံ ငွေကျပ်သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၁၆၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သောတောင်နန် ချွန်ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန် နေ့နံနက်(၉)နာရီအချိန်က တောင်နန်ချွန် ကျေးရွာတွင် ကျင်းပခဲ့သည်။