ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ (ပထမ)အကြိမ် သူနာပြုသားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ အပတ်စဉ်(၁) သူနာပြု သားဖွားဒီပလိုမာသင်တန်းသား/သူများ၏ (ပထမ)အကြိမ် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။