အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။