ကျောက်တံခါး ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့က အ.ထ.က(ကျောက်တံခါး)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူစန်းက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား တီဘီရောဂါလက္ခဏာများ၊ တီဘီရောဂါနှင့် ပတ်သက်သော ကာကွယ်ရေးနည်းလမ်းများ၊ တီဘီရောဂါကို ဆောလျင်စွာ ရှာဖွေစစ်ဆေးခြင်း၏ ရရှိမည့်အရေးပါပုံတို့ကို အသိပညာပေးခြင်းလုပ်ငန်များ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေရေးလုပ်ငန်းများကို ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၈၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၅၂၄၄၅)ဦးကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီဇင်ဘလ(၂၆)ရက်နေ့တွင် အထက်တန်း(၄)ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ စုစုပေါင်း(၁၂)ကျောင်းမှ ကျောင်းသားကျောင်းသူ(၆၁၄၂)ဦးအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)