ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က စာရေးဆရာ​မောင်မင်းစိုးရေးသားသည့် “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က သပြေတန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး၊ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

နိုင်ငံ၏ အနာဂတ်ကိုဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရား ကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အ.လ.က ရေကန်ကျောင်းနှင့် အ.မ.က မင်းလမ်းကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့၌ သမဝါယမအသင်းစုမှ နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမ အသင်းစုရုံးခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာ့သစ်လုပ်ငန်းအင်ဂျင်နီယာဌာန အခြေစိုက်အလုပ်ရုံ (ပြည်) ၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ မြန်မာ့သစ်လုပ်ငန်းအင်ဂျင်နီယာဌာန အခြေစိုက်အလုပ်ရုံ (ပြည်) ၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနကဦးဆောင်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် လူမှုရေးပင်စင်ပေးအပ်ခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ(၅၇၀)ဦးအား နိုင်ငံတော်၏ဘတ်ဂျက်ရန်ပုံငွေမှ ဧပြီလမှ ဒီဇင်ဘာလအထိ (၉)လစာလူမှုရေးပင်စင်ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ "လူငယ့်အလင်းရောင်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် ဆောက်လုပ်သော "လူငယ့်အလင်းရောင်" စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစံပြကွက်ဧက(၅၀၀)စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သာပေါင်းအုပ်စု၊ လယ်တွင်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပန်းတိုင်အထွက်နှုန်းပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းသီးနှံ ပဲတီစိမ်းစံပြကွက်ဧက (၅၀၀) စိုက်ပျိုးထားမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး