ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကြည့်ရှုစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ မဲတောကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခြုံနွယ်ရှင်းလင်းခြင်းနှင့် မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဒုတိယသီးနှံမတ်ပဲစိုက်ပျိုးရိတ်သိမ်းပြီးပါက အစေ့ထုတ်ပြောင်းစိုက်ပျိုးနိုင်ရေးအတွက် စက်ရေတွင်း(၈)တွင်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးရာသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)