ညောင်လေးပင်မြို့၌ သမဝါယမအသင်းစုမှ နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ

ညောင်လေးပင် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမ အသင်းစုရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ သမဝါယမအသင်းစုဌာနမှ အသင်းသားများအား အဖွင့်မှာစကားပြောကြားပြီးနောက် သမဝါယမအသင်းစုဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းထွေးက သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နွေစပါးစီမံကိန်းအား မြို့နယ်သမဝါယမအသင်းစုမှ သမဝါယမအသင်း (၆) သင်း၊ အသင်းသား (၄၉) ဦး၊ စိုက်ဧက (၅၀၅) ဧကတို့အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ အသင်းသား (၂၀) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)