ရေတာရှည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ရေတာရှည် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က သပြေတန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်မှ ကျောင်းသူ/ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချစေရန်၊ ဗဟုသုတတိုးပွားစေရန်အတွက် ပြင်ပစာပေများကိုဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများကို ဦးစွာပထမရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသူ/ကျောင်းသားများအား သက်ငယ်မုဒိမ်းမှုကာကွယ်ရေး၊ ကလေးအလုပ်သမားဆိုင်ရာသိမှတ်ဖွယ်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)