ရေတာရှည် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာဝင်းဗိုလ်မှဦးဆောင်၍ ရေတာရှည်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်၊ ရေတာရှည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသိန်းထွန်းမြင့်တို့မှ ရေတာရှည်မြို့နယ်အတွင်းရှိ မြောက်နန်ချွန်ကျေးရွာ၊ ကြံသနွယ်ကျေးရွာ၊ မှန်စီကျေးရွာ၊ တောင်နန်ချွန်ကျေးရွာများသို့ သွားရောက်၍ ကျေးရွာနေ ပြည်သူများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတောင်သူများအား မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနည်းပညာများ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးရေးနှင့် အရင်းအနှီးသွင်းအားစုရရှိရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)