ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ် ခင်တန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်(၉) နာရီအချိန်က အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၊ဘဝအဖော်မွန် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ နှစ်သစ်ကူးတရားအလှူတော် ကျင်းပပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍  နှစ်သစ်ကူးတရားအလှူတော်ပွဲကြီးကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ၃ ည တိုင်တိုင်  ည(၇)နာရီအချိန်တွင် ပဲခူးမြို့ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ဆင်ယင်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

သနပ်ပင်မြို့နယ်တွင် ရစ်ကန်လေးကျေးရွာအ.ထ.က(ခွဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ ရစ်ကန်လေးကျောင်း၌ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့်မြို့မစျေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယမန်နေ့နံနက် ၈ နာရီအချိန်က စျေးသူ၊ စျေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့က အ.ထ.က(ကျောက်တံခါး)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ (ပထမ)အကြိမ် သူနာပြုသားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ အပတ်စဉ်(၁) သူနာပြု သားဖွားဒီပလိုမာသင်တန်းသား/သူများ၏ (ပထမ)အကြိမ် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မူလတန်းကြိုကျောင်းမှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဒီဇင်ဘာလှုပ်ရှားမှု ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ရှမ်းကြေးရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ကဝ)တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ ကာယဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာ ပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)ကျောင်းစုဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး