ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားတုများတပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေး ကုသဆောင်၌ ဒီဇင်ဘာလ(၂၆)ရက်နေ့မှ ဇန်နဝါရီလ(၁)ရက်နေ့အထိ သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ပေးခြင်း၊ သွားတုပြုလုပ်တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

လက်ပံတန်း၌ နွေစပါးစံပြကွက်စိုက် တောင်သူများအား နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဂရံစံပြကျေးရွာ စိုက်ပျိုးရေးစခန်းတွင် ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စာရေးသူ  အောင်ကိုဦး(UMK)ရေးသားထားသည့်  “လူငယ်တွေကို လမ်းဖွင့်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ပေါင်းတည်၌ ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကို ပေါင်းတည်ဘိုးဘွားရိပ်သာခန်းမဆောင်တွင် စုပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌နိုင်ငံတော်ရန်ပုံ ငွေကျပ်သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၁၆၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့​သောတောင်နန် ချွန်ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန် နေ့နံနက်(၉)နာရီအချိန်က တောင်နန်ချွန် ကျေးရွာတွင် ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု အဆုပ်တီဘီရောဂါ ရှာ‌ဖွေရေးလှုပ်ရှားမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာအခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုအဆုပ်တီဘီ‌ရောဂါရှာဖွေရေး လှုပ်ရှားမှုကို ယနေ့ နံနက်၉ နာရီအချိန်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာစိုက်ပျိုးမှု(၇၁၆၈)ဧက လျာထား စိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊နှမ်း၊ နေကြာများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးစပါးစိုက်ပျိုးပြီး ဆောင်းနေကြာ (၇၁၆၈) ဧက လျာထားစိုက်ပျိုးခဲ့ရာ သီးသန့်စိုက်ပျိုးမှု (၅၇၀)ဧက၊ မြေပဲ၊မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့်ရော၍ သီးညှပ်စိုက်ပျိုးမှု (၆၅၉၈)ဧ​က၊စိုက်ပျိုးထားခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးထားနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် အဋ္ဌမအကြိမ်မြောက် အပတ်စဉ် (၂၇) သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲသို့ တက်ရောက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၏ အဋ္ဌမ အကြိမ်မြောက် အပတ်စဉ်(၂၇) သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်အားပေးသည်။

ပေါင်းတည်၌ရှေးဦးပြုစုခြင်း(အခြေခံ )သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး