သဲကုန်း ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ ကာယဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာ ပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် သဲကုန်းမူလတန်းကြိုကျောင်းမှ သားငယ်/ သမီးငယ်လေးများက သံပုရာသီးဇွန်းကိုက်၊ ပင်နံအိတ်စွပ်၊ ဦးထုပ်ဆောင်း၊ ပုလင်းထောင်၊ ကြိုးသီ၊ ဖိနပ်စီးခေါင်းအုံးစွပ်၊ အင်္ကျီဝတ်၊ အပ်ကြိုးထိုးပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် သားငယ်/ သမီးငယ်လေးများနှင့် ပြိုင်ပွဲဝင် သားငယ်/ သမီးငယ်ကလေးများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မေဇင်ထွန်းနှင့်တာဝန်ရှိများက ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများအပါအဝင် ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)