အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ လူငယ်စကားဝိုင်းကျင်းပ

တောင်ငူ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)ကျောင်းစုဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပသည်။

ထိုသို့ကျင်းပရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာကျော့ကျော့ရီက အမှာစကားပြောကြားပြီး တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍လူငယ်စကားဝိုင်းကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး မြို့ပြအင်ဂျင်နီယာ(တတိယနှစ်) ကျောင်းသားမောင်ရန်ကျော်လင်းက လူငယ်နှင့်စည်းကမ်း၊ စက်မှုအင်ဂျင်နီယာ(တတိယနှစ်) ကျောင်းသားမောင်ကောင်းမြတ်ထွန်းက လူငယ်နှင့်ဝီရိယ၊ မြို့ပြအင်ဂျင်နီယာ (ဒုတိယနှစ်)ကျောင်းသား မောင်ပြည့်လျှံအောင်က လူငယ်နှင့်ရည်မှန်းချက်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ(ဒုတိယနှစ်) ကျောင်းသားမောင်နေမျိုးသူရိန်က လူငယ်နှင့်မူးယစ်ဆေး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(ဒုတိယ)နှစ်ကျောင်းသူ မအေးစုမွန်က လူငယ်နှင့်နည်းပညာ၊ စက်မှုအင်ဂျင်နီယာ(ဒုတိယနှစ်)ကျောင်းသူ မဖူးမြတ်သွယ်ချစ်က လူငယ်နှင့်အားကစားခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီးနောက်

ဆွေးနွေးပွဲတွင်ဦး‌ဆောင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၆ ဦးအား တာဝန်ရှိသူများမှဂုဏ်ပြုမှတ်တမ်းနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)