ပဲခူးတိုင်းဒေသကြီး

သနပ်ပင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.ထ.က(သနပ်ပင်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပေါင်းတည်မြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ (၇၇) နှစ်မြောက် လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၁ဝ) နာရီက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုန်းပင်စုကျေးရွာ ဂဝံလမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကန်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ ရွာတွင်းဂဝံလမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြု တီဘီရောဂါရှာဖွေရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာသင်ကျောင်းအခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းကို အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဝေါမြို့နယ် ကျိုက်လှကျေးရွာအုပ်စု၊ နွေစပါး(၂)သီးစံပြကွက်၌ တောင်သူ၊ လယ်သမားများအားလက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀)စက်မှုလယ်ယာစခန်းမှ တောင်သူလယ်သမားများအား နွေစပါး(၂)သီးစံပြကွက်တွင် ရက်(၉၀)စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ လက်ဆွဲကောက်စိုက်စက်များဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်လှကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမဘေး ကွင်းအမှတ်(၆၈၇)၊ တောင်သူဦးအာလူး၏ လယ်မြေစိုက်ဧက(၂၇)ဧကတွင် ကျင်းပခဲ့ကြောင်းသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က အ.ထ.က(၂)ကျောင်းအောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ ကျောင်းအခြေပြုတီဘီရောဂါရှာဖွေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုတီဘီရောဂါရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးအေးသန့် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများကဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ အ.ထ.က(မြို့မ)ကျောင်းသို့သွားရာက်၍ ကွင်းဆင်းဆောင်ရွက်သည်။

သနပ်ပင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ကမာစဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကမာစဲ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၂၁၈၂၂ ဧက လျာထားစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက၂၁၈၂၂ လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး