ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ်တွင် ရွှေလုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင်ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရွှေအရောင်းအဝယ်ပြုလုပ်သော လုပ်ငန်းရှင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပေါင်းတည် အ-ထ-က(မင်းကွက်)၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မင်းကွက်)၌ ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြသည်။

ဝေါမြို့နယ်၊ ရှမ်းကိုင်ကျေးရွာ အ-ထ-က(ခွဲ)ကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှမ်းကိုင်းကျောင်း၌ ကျင်းပသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ၌ နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံဌာနခွဲ (ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၏ နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ/ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

ရွှေတောင်မြို့နယ် အ.လ.က (ရေနံမြေ) အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသ

ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက (ရေနံမြေ) အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်သည်။

ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးနှင့် ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ခင်သန္တာတို့ဦးဆောင်၍ ယမန်နေ့ နေ့လယ်ပိုင်းက သရက်တောရပ်ကွက်၊ သရက်တောအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြသခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေ‌ရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က စာရေးဆရာ​မောင်မင်းစိုးရေးသားသည့် “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသူ/ကျောင်းသားများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က သပြေတန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားပြီး၊ စာစီစာကုံးရေးသားမှု ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

နိုင်ငံ၏ အနာဂတ်ကိုဖန်တီးတည်ဆောက်ကြမည့် လူငယ်များစာရိတ္တကောင်းမွန်ပြီး အရည်အချင်းပြည့်ဝစေရန်၊ ပညာနှင့်ကိုယ်ကျင့်တရား ကောင်းမွန်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက အ.လ.က ရေကန်ကျောင်းနှင့် အ.မ.က မင်းလမ်းကျောင်းများသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး