ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် မြို့/ရွာ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။

ကျွန်းကုန်းကြီးကျေးရွာ အထက်တန်းကျောင်း (ခွဲ) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျွန်းကုန်းကြီးကျေးရွာ အ.ထ.က (ခွဲ) ကျာင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြာင်း သိရသည်။

သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးခိုး/မြူငွေ့အန္တရာယ်များ သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့က ရပ်ကွက်(၄)၊ ပေါက်တောရပ်ကွက်၊ ဆင်စွယ်ရကျေးရွာတွင် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဝေါမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အ-ထ-က (ခွဲ) အထက်ပန်းညိုကျောင်း၌ ဝေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ယနေ့မွန်းလွဲ (၂)နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူး​မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ဖြူးမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က လိပ်သေကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ လက်သမားအတတ်ပညာ ကာလတိုသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် National Grassroots Innovation Competition ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ လက်သမားအတတ်ပညာ ကာလတိုသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် National Grassroots Innovation Competition ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စုဝေးခန်းမတွင် ကျင်းပသည်။

ထန်းတပင်မြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဆိပ်ကြီးရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှု ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်တိုင်ကျင်းပခဲ့သော(စတုတ္ထအကြိမ်)မြောက် အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စေတီတော်ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော်(သုံးထပ်ဆောင်)၌ ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းမြေပဲများစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီတို့၏ဦးဆောင်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံ ဆောင်းမြေပဲကို ၅၇၁၉ ဧကထိ စိုက်ပျိုးပြီးစီးခဲ့ပြီး၊ အဆိုပါမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး