ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(လွန်)အလယ်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးမှထွက်ရှိသည့် MSME ထုတ်ကုန်များအား အဆင့်အတန်းပြည့်မီစွာဖြင့် ခင်းကျင်းပြသနိုင်ရေး အလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွန်မှာကြား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက်ပိုင်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ ခင်းကျင်ပြသမည့် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်

ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် MCM Power Co Ltd သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မိုးညိုမြို့ရှိ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ပူး‌ပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ပိုင် မြို့မဈေးမီး‌ဘေးကြိုတင်ကာကွယ်‌ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပပြုလုပ်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ဝိုင်အမ်ဘီအေခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီ အချိန်က အ.ထ.က(အုတ်တွင်း)ကျောင်း၌ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အနောက်)တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)က ကြီးမှူး၍ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်း/ခရိုင်/မြို့နယ်ပညာ‌ရေးဌာနတာဝန်ရှိသူများ၊ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ နည်းပြများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမများ‌ တက်‌ရောက်ကြသည်။

တောင်ငူမြို့၌ မီးဘေးလုံခြုံရေးတစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာရေးသူ “ လင်းသိုက်ညွန့် (မြန်မာ့မြေ)”ရေးသားထားသည့် “အောင်မြင်ခြင်းလက်ဆောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အခြေခံပညာဦးစီးဌာနမှကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က အထက(၂)ကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး