ပဲခူးတိုင်းဒေသကြီး

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင် ပေါင်းတည်မြို့နယ် စိုက်ပျိုးမွေးမြူရေးအခြေအနေ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ဝေါမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေးနှင့် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို  ယနေ့ နံနက် ၈ နာရီတွင် အရှေ့ဘက်ကမ်းရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံအတွင်း သားဖွားဆရာမ ဒေါ်ချိုမွန်သော်နှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးနှင့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာသင်ကျောင်း အခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် DCP မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(ဗောဓိကုန်း)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့် မီးခိုမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကြက်သွန်ခင်း- ၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာများသိရှိစေရေးအတွက်ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး​ ဟောပြော​ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)ကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ သက်ကြီးဘိုးဘွား ၅၂၅ ဦးအား လူမှုရေးပင်စင်များ ပေးအပ်လျက်ရှိ

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးပုဂ္ဂိုလ်နှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးခြင်းအပါအဝင် အဓိကလုပ်ငန်းကြီး(၇)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လူမှုရေးပင်စင်ပေးအပ်ခြင်းအစီအစဉ်အရ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ပေးအပ်သည့် အစီအစဉ်(Social Pension-SP)ကို မြန်မာ့စီးပွားရေးဘဏ်၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထုတ်ပေးလျက်ရှိသည်။

သဲကုန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာဆွေးနွေးပွဲကျင်းပ

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာ​ပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဖြူးမြို့နယ်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး