အုတ်တွင်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပ

အုတ်တွင်း ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီ အချိန်က အ.ထ.က(အုတ်တွင်း)ကျောင်း ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် အုတ်တွင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်း/ အလယ်တန်း/မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၅၀)ဦး၊ အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် ကျောင်းသား/သူ(၅၃)ဦး၊ စုစုပေါင်း(၁၃၁)ဦးတို့သည် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအဆင့်အလိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၊ ဒုတိယမြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)