ရွှေတောင် ဇန်နဝါရီ ၃၁
ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် MCM Power Co Ltd သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ရာတွင် ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူးဦးထက်နိုင်ဦး ဦးဆောင်၍ ရွှေတောင်မြို့နယ် MCM Power Co Ltd သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ စက်ရုံအတွင်း မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း မီးသတ်ဆေးဘူးများဖြင့် ကိုယ်တိုင်လက်တွေ့ငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများကို စက်ရုံဝန်ထမ်းများနှင့်အတူ ပူးပေါင်းဇာတ်တိုက်သရုပ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)