သာယာဝတီ ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗသုသုတများတိုးပွားလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(လွန်)အလယ်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးက ကျောင်းသား/သူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်သိကောင်းစရာကို ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား/သူလေးများအား ပုံပြင်များပြောပြခြင်း၊သုတ၊ ရသ၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် လူကုန်ကူးမှုနှင့် သဘာဝဘေးအန္တရာယ်သိကောင်းစရာ၊ ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)