ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့၌ မီးလောင်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၈)ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ ရန်ကုန်- မန္တလေးလမ်းဘေးရှိ အောင်ချမ်းသာ ကား၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင် (၅၀×၄၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်ဆိုင်တွင် ယမန်နေ့ညနေ(၅:၅၂)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းဝန်ထမ်းအိမ်ရာ၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ဘိုးတော်ကုန်းဝန်ထမ်းအိမ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဘိုးတော်ကုန်းဝန်ထမ်းအိမ်ရာ၌ပြုလုပ်ခဲ့သည်။

ပြည်မြို့နယ်ရှိ စက်သုံးဆီဆိုင်အရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ စက်သုံးဆီဆိုင်အရောင်းဆိုင်များ၌ မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ‌ဆောင်ရွက်ထားမှု ရှိ/ မရှိအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။

ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့်ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးသူ များပြားလာ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများသည် မျိုးကောင်းမျိုးသန့် မျိုးစေ့များရွေးချယ်၍ ပေါင်စနစ်ဖြင့် ပျိုးထောင်လျက်ရှိကြကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

အုတ်တွင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်း၊ ဝန်ထမ်းများနှင့်မိသားစုဝင်များအား DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ယာဉ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက ဗောဓိကုန်းကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးလုပ်ငန်းဝန်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အုတ်ဖို​မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်ဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ယနေ့နံနက်ပိုင်းက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး