သဲကုန်း ဇန်နဝါရီ ၃၁
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင်စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် သတ်မှတ်ချက်အဆင့်ဆင့်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဆောင်ရွက်ရမည့်သူများအား ယာယီရွှေ့ဆိုင်းနိုင်သည့်အချက်များ၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဥပဒေပါအဓိပ္ပါယ်ဖော်ပြချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်ဥပဒေပုဒ်မများစသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးဟောပြောခဲ့ပြီး သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)