ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊အသိပညာဗဟုသုတများတိုးပွားစေရန်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ယနေ့နံနက်(၁၀)နာရီအချိန်က အ.လ.က(ခွဲ)ကြက်သွန်ခင်း(၂)ကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က (မူလွန်) ကြက်သွန်ခင်း( ၁) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သနပ်ပင်မြို့တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲဖြေဆိုပြီးဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲကို ဇွန်လ (၄) ရက်နေ့မှ (၁၀) နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ဖြေဆို‌သော နောက်ဆုံးနေ့ ပထမကြီးတန်းကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲသတ္တမနေ့ ဆက်လက်ဖြေဆိုလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲသတ္တမနေ့ဖြေဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းက ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးနိုင်ရေး (၁၅၁၀၅၃) ဧက လျာထားပြီး (၄၉၉၀၉)ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၁၅၁၀၅၃) ဧက လျာထားပြီး လျာထားစိုက်ဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိရာ (၄၉၉၀၉)ဧက စိုက်ပျိုးထားပြီးကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ထန်းတပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဥ်ဆက်မပျက်တည်တံ့ရေး သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က စစ်တောင်းတံတားအနီးလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့၊ ဓမ္မပါလပရိယတ္တိစာသင်တိုက်၌ စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဓမ္မပါလသန္တိသုခဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက် ၉ နာရီက အ.မ.က ရွာသာကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.မ.က(လွန်)နွယ်ခွေကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကွက်သစ်ရပ်ကွက်၊ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့​သည်။

ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး