ထန်းတပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ထန်းတပင် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဥ်ဆက်မပျက်တည်တံ့ရေး သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က စစ်တောင်းတံတားအနီးလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးစိုးလွင်တို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံသို့ စိုက်ပျိုးသွားမည့် ပျိုးပင်များကို ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျွန်းပင်(၁၂၅) ပင်၊ စိန်ပန်း(၁၂၅) ပင်၊ ယမနေ (၁၂၅) ပင်၊ မန်ဂျန်ရှား (၁၂၅) ပင် စုစုပေါင်းပျိုးပင် (၅၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)