အုတ်တွင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲသတ္တမနေ့ ဆက်လက်ဖြေဆိုလျက်ရှိ

အုတ်တွင်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲသတ္တမနေ့ဖြေဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းက ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲ(သတ္တမနေ့)တွင် စာဖြေသံဃာတော်များ အခက်အခဲမရှိ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များက ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။

အုတ်တွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရန် စာရင်းရှိ စာဖြေသံဃာတော်ပထမကြီးတန်း()ပါး၊ ပထမလတ်တန်း(၁၅)ပါး၊ ပထမငယ်တန်း(၃၀)ပါး၊ အခြေပြုမူလတန်း(၂၈)ပါး စုစုပေါင်း(၈၁)ပါးရှိရာ ယနေ့ စာဖြေသံဃာတော်ပထမအကြီးတန်း()ပါး၊ ပထမလတ်တန်း(၁၄)ပါး၊ ပထမငယ်တန်း(၂၇)ပါး၊ အခြေပြုမူလတန်း(၂၃)ပါး စုစုပေါင်းစာဖြေသံဃာတော်(၇၁)ပါး၊ ပျက်ကွက်သံဃာတော်(၁၀)ပါး ရှိပြီးယနေ့တွင် ပထမအကြီးတန်းစာဖြေသံဃာ(၇)ပါးတို့သည်ဘာသာ​​ပြန်ဘာသာရပ်ကို ဆက်လက်​ဖြေဆိုကြသည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကိုဇွန်လ()ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့ထိ ခုနစ်ရက်ကြာဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိရာ စာဖြေသံဃာများ၊ စာမေးပွဲ​ကြီး​ကြပ်ဆရာ​တော်​ကြီးများ၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ တက်ရောက်ကြည်ညိုကြသော ဧည့်ပရိသတ်တို့အား ယနေ့ဆွမ်းအလှူရှင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဥ်တို့ကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)