ပဲခူးတိုင်းဒေသကြီး

ပန်းတောင်းမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ​ ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉:၀၀)အချိန်က အ.မ.က(လွန်)ငါးမျက်နှာကျောင်းနှင့် အ.မ.က(လွန်)တောင်ဘွေကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင် အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေး/ခုန်/ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား ကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီးပြေး/ခုန်/ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား ကြိုဆိုခြင်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အားကစားခန်းမ၌ကျင်းပခဲ့သည်။

နတ်တလင်းမြို့၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်​နေ့နံနက် ၉ နာရီက အ.မ.က သဲကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က မြို့လှမြို့အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ အလှကုန်ဆိုင်များ၊ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ဦးဆောင်၍ အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့မစျေးအတွင်းနှင့် စျေးပြင်ပတွင်ရောင်းချလျက်ရှိသော အလှကုန်ဆိုင်များ၊ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အ.လ.က(ခွဲ)ပဲခူးလမ်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင်ပြေးခုန်ပစ်သမားများ ပေါ်ထွက်လာစေရေး ရည်မှန်းချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ် (၅) ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်မြို့ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သင်တန်းကျောင်းများ၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆန်/ဆီ လုပ်ငန်းရှင်များ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုး/ ထုတ်လုပ်ရောင်းချသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ရှိ ပြည်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပြည်)တို့၌ ဈေးကားများဖြင့် အခြေခံစားသောက်ကုန်မျိုးစုံကို ဈေးနှုန်းသက်သာစွာ သွားရောက်ရောင်းချပေးကြသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး

ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ (သီရိဟံသာခန်းမ) ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး