ကသာမြို့၊ ဓမ္မပါလပရိယတ္တိစာသင်တိုက်၌ စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ကသာ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဓမ္မပါလသန္တိသုခဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာဖြေပွဲ‌‌ေဖြဆိုကြသည့် စာဖြေသံဃာတော်များအား ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက နေ့ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် ကြီးကြပ်ဆရာတော်များအပါအဝင်ဆရာ‌တော်၊သံဃာတော် (၂၀၁) ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် စာ‌မေးပွဲ‌ဖြေဆိုသည့်‌နေများအလိုက် စာဖြေသံဃာတော်များ၏ဆွမ်းကိစ္စများကို ဌာနဆိုင်ရာများ၊ရပ်ကွက်များနှင့်အလှူရှင်များက တာဝန်ယူလှူဒါန်းထားကြကြောင်း သိရသည်။

ကျော်စွာထွန်း (ကသာ)