သနပ်ပင်မြို့တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲဖြေဆိုပြီးဆုံး

သနပ်ပင် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲကို ဇွန်လ (၄) ရက်နေ့မှ (၁၀) နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ဖြေဆို‌သော နောက်ဆုံးနေ့ ပထမကြီးတန်းကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးနေ့တွင် ပထမအလတ်တန်း(၄)ပါး၊ ပထမအငယ်တန်း(၁၄)ပါးနှင့် အခြေပြုအတန်း(၂၃)ပါးတို့ ဖြေဆိုလျက်ရှိရာ အဆိုပါစာဖြေသံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)