အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်

အုတ်တွင်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊အသိပညာဗဟုသုတများတိုးပွားစေရန်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ယနေ့နံနက်(၁၀)နာရီအချိန်က အ.လ.က(ခွဲ)ကြက်သွန်ခင်း(၂)ကျောင်းနှင့် မွန်းလွဲ()နာရီအချိန်က အ..က (မူလွန်) ကြက်သွန်ခင်း( ) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ကျေးလက်လမ်းဦးစီးဌာမှ ဦးစီးအရာရှိဒေါ်ရီရီအေးက လေထုညစ်ညမ်းမှုကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများအကြောင်းအရာများအသိ ပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများရရှိစေရန်နှင့်စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခင်ခင်မာ