သာယာဝတီ ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကွက်သစ်ရပ်ကွက်၊ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက နမောတသ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်ဆရာတော် ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိလာသဇောတိထံမှ ငါး ပါးသီလခံယူ ဆောက်တည်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက သာသနာရေးဆိုင်ရာ ကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား နဝကမ္မဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ဆက်လက်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့်နဝကမ္မဝတ္တုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်းစာအောင်သံဃာ(၈)ပါး၊ အခြေပြုမူလတန်း(၁၄)ပါး၊ စုစုပေါင်း(၂၂)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)