တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ယာယီစံကျောင်းတော်သို့ ပင့်ဆောင်
မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရောင်တော်ဖွင့်ခြင်း၊ သန့်စင်ခြင်း၊ ချေးချွတ်ခြင်း၊ စေတီတော်မြတ်ကြီးအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္တဝင်ကိုးခန်းသိမ်တော် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။