ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်
ပဲခူး ဇူလိုင် ၁၉
တိုင်းဒေသကြီးအတွင်း ရေတော်မိုးတော် မိုးစပါးစိုက်ဧက(၂၁)သိန်းကျော်အား ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ထုတ်လုပ်ခဲ့သော မျိုးစေ့ချကိရိယာ (Drum Seeder) များအား ပဲခူးခရိုင်အတွင်းရှိ တောင်သူများအတွက် ပေးအပ်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။